Baking

Stay Home ကာလမှာ စိတ်ပျော်ရွှင်အပန်းပြေစေဖို့ အထောက်အကူပြုမယ့်နည်းလမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒါကတော့ ကိုယ်ကြိုက်တဲ့မုန့်လေးတွေကို ကိုယ်တိုင်ပြုလုပ်ခြင်း.. တနည်းအားဖြင့် မုန့်ဖုတ်ခြင်း (Baking) ပဲဖြစ်ပါတယ်။
လူတော်တော်များများအတွက်တော့ မုန့်ဖုတ်တယ်ဆိုတာနဲ့ ငယ်ငယ်က TV ထဲမြင်ဖူးတဲ့ ဂျုံမှုန့်တွေပေနေတဲ့ Baker ဒါမှမဟုတ် ငယ်ငယ်က မုန့်လုပ်ကျွေးတဲ့အမေ၊ အဘွားစတာတွေကို အရင်သတိရကြမှာပါ။
ခုလို အရင်ငယ်ရွယ်မှုအချိန်ကာလတွေကို ပြန်လည်သတိရစေခြင်းဟာလည်း စိတ်အေးချမ်းမှုနဲ့ လွမ်းဆွတ်ကြည်နူးမှုကို ရရှိစေမှာပါ။
မုန့်ဖုတ်ခြင်းဟာ သင်တို့နားလည်တာထက်ပိုပြီး စိတ်ကျန်းမာရေးနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ တိုးစေပါတယ်။
အရင်ဆုံးအနေနဲ့ မုန့်ဖုတ်ခြင်းဖြင့် သင့်ရဲ့အရသာခံစွမ်းရည် ပိုပြီးတိုးတက်စေဖို့ ကူညီပေးနိုင်ပါတယ်။
အိမ်မှုကိစ္စကနေ ဝါသနာဖြစ်လာတဲ့ မုန့်ဖုတ်တာဟာ မိန်းမတွေကို ယုံကြည်မှုတွေပိုရှိစေပြီး ဒီကမ္ဘာပေါ်မှာ သူတို့ရဲ့နေရာနဲ့ သူတို့ရဲ့ရပ်တည်ချက်တွေကိုလည်း ခိုင်မာစေပါတယ်။
ကိုယ်ကြိုက်တဲ့မုန့်လေးတစ်ခုအဆင်ပြေပြေလုပ်ပြီးသွားတဲ့အခါမျိုး၊ ကိုယ့်မိသားစုအတွက် အရသာရှိတဲ့ မုန့်လေးတစ်ခုလုပ်ပေးပြီးသွားတဲ့ အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ ကျေနပ်မှုနဲ့ ပျော်ရွှင်မှုဟာ Baker တိုင်းခံစားရမယ့် ဆုလဒ်တစ်ခုပါ
ဒါ့အပြင် မုန့်ဖုတ်ခြင်းဆိုတာ အတတ်ပညာအသစ်တစ်ခုကို လေ့လာနေခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။
မုန့်ဖုတ်ခြင်းဟာ စိတ်ကျန်းမာရေးအတွက်ပါ အကျိုးရှိပါတယ်။
မုန့်ဖုတ်ခြင်းအားဖြင့် သတိပိုတိုးလာခြင်း၊ စိတ်ကျေနပ်မှုရရှိခြင်း၊ အာရုံစူးစိုက်နိုင်မှုပိုတိုးလာခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေလည်း ပိုင်ဆိုင်နိုင်မှာပါ။
မုန့်ဖုတ်တာကို အပြုအမူဆိုင်ရာ နိုးဆွမှုလို့ ယူဆပြီးတော့ စိတ်ဓာတ်ကျနေ၊ စိတ်မတည်ငြိမ်ဖြစ်နေတဲ့ မုန့်ဖုတ်သူတွေဟာ စိတ်ရောကိုယ်ပါနှစ်ပြီး မုန့်ဖုတ်ရင်းနဲ့ သူတို့ရဲ့မကောင်းတဲ့စိတ်အခြေအနေကနေ လွတ်မြောက်နိုင်ပါတယ်။
ဒီလိုအတွေးတွေကို လမ်းလွှဲပေးတာကလည်း Baker နဲ့ Baking ရဲ့သိစိတ်မသိစိတ်ရောနေတဲ့ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။
ဒါကြောင့် ခုလို Stay Home ကာလတွေမှာ စိတ်ဖိစီးမှုရှိနေရင်၊ ဒါမှမဟုတ် အိမ်မှာပဲနေရလွန်းလို့ပျင်းနေရင် မုန့်ဖုတ်ခြင်းနဲ့ ကုစားအပန်းဖြေကြဖို့ တိုက်တွန်းချင်ပါတယ်နော်။
လိုအပ်မယ့် မုန့်ဖုတ်ပစ္စည်းတွေအတွက်လည်း အိမ်ထဲကနေအိမ်ပြင်ထွက်စရာမလိုဘဲ တစ်နေရာတည်းမှာတင် အကုန်ရနိုင်ဖို့ ကျွန်မတို့ Shengda Food Service မှာ မှာယူရရှိနိုင်ပါပြီ။