မုန့်ဖုတ်ဆိုဒါဟာ မုန့်လုပ်တဲ့နေရာမှာပဲ အသုံးဝင်တာလား ဆိုတော့
No ပါ..
သူက သင့်ခန္ဓာကိုယ်နဲ့ အလှအပအတွက်လည်း သိပ်ကိုအကျိုးပြုပါတယ်
ဘယ်လိုတွေ အသုံးဝင်လဲ ဆိုတဲ့ အကျိုးပြုပုံတွေနဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
၁ ဝက်ခြံနဲ့အမာရွတ်တွေ ဖယ်ရှားပေးတယ်
ဝက်ခြံကိုသေချာမကုရင် အမည်းစက်နဲ့အမာရွတ်တွေကျန်တတ်ပါတယ်။ ဒါတွေကို ဖယ်ရှားဖို့အတွက် မုန့်ဖုတ်ဆိုဒါနည်းနည်းနဲ့ ရေကိုရောပြီး မျက်နှာအရေပြားပေါ်လိမ်းပေးပါ။ မုန့်ဖုတ်ဆိုဒါက အမာရွတ်ဖြစ်နေတဲ့အလွှာကိုရှင်းထုတ်လိုက်ပြီး အရေပြားအသစ်တစ်လွှာပေါ်လာစေပါတယ်။ တစ်နေ့ကို ၃-၄မိနစ်လောက်၂ ကြိမ် ၃ ကြိမ် လိမ်းပေးပြီး မျက်နှာသစ်လိုက်ပါ။
၂ အနီကွက်တွေ သက်သာစေပါတယ်
မုန့်ဖုတ်ဆိုဒါက အရောင်ကျစေပြီး ပိုးသတ်ပေးပါတယ်။ သူ့ရဲ့အယ်ကာလီဂုဏ်သတ္တိကြောင့် အရေပြားကိုခြောက်စေပြီး အနီကွက်တွေကြောင့်ဖြစ်တဲ့ ယားတာနဲ့ရောင်တာကို သက်သာစေပါတယ်။ အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါရောပြီး တစ်နေ့နှစ်ကြိမ် ၄-၅မိနစ်လောက် လိမ်းပေးပါ။
၃ မှိုစွဲတာကို ကုပေးပါတယ်
မှိုဟာပါးစပ်၊ အူလမ်းကြောင်း ၊လည်ချောင်း နဲ့ လိင်အင်္ဂါတွေမှာ စွဲတတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှာ အယ်ကာလီဂုဏ်သတ္တိ၊ pH မျှစေတဲ့ဂုဏ်သတ္တိ၊ မှိုသတ်ပေးတဲ့ ဂုဏ်သတ္တိတွေကြောင့် မှိုစွဲတာပျောက်စေပါတယ်။
အူ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါတွေမှာ မှိုစွဲရင် မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရေတစ်ခွက်ရောပြီး ၁၀-၁၅ ရက်လောက် နေ့တိုင်းသောက်ပါ။ အရေပြားပေါ်မှိုစွဲရင် မုန့်ဖုတ်ဆိုဒါနဲ့ ရေရောပြီး၂-၄မိနစ်လောက် လိမ်းပြီးရေဆေးလိုက်ပါ။
၄ နေလောင်အရေပြားအတွက်ဆေး
မုန့်ဖုတ်ဆိုဒါမှာ အေးစေတဲ့ဂုဏ်သတ္တိရှိလို့ နေလောင်ထားတဲ့အရေပြားက အရမ်းယားနေရင် ရေအေးနဲ့ရောပြီး လိမ်းပေးလို့ရပါတယ်။ ပြီးရင် ရေနဲ့ဆေးလိုက်ပါ။
၅ နေလောင်အမည်းကွက်
မုန့်ဖုတ်ဆိုဒါက နေလောင်အမည်းကွက်တွေလည်း ဖယ်ရှားပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရေနဲ့ရှာလကာရည်ကိုရောပြီး အရေပြားပေါ်မှာ ၅-၁၀ မိနစ်လောက်လိမ်းပါ။ နေလောင်အမည်းကွက်အပေါ်လိုက်ပြီး တစ်ပတ်တစ်ကြိမ်-နှစ်ကြိမ်လိမ်းပါ။
၆ မှဲ့ခြောက်နဲ့အမည်းစက်တွေ
မုန့်ဖုတ်ဆိုဒါက ဘက်တီးရီးယားနဲ့မှိုတွေသတ်ပေးတဲ့အတွက် အမည်းစက်နဲ့မှဲ့ခြောက်ဖြစ်စေတဲ့ ပိုးတွေကို သတ်ပေးပါတယ်။ အမည်းစက်နဲ့မှဲ့ခြောက်တွေ ဘေးကအရေပြားကိုလျော့ရဲစေပြီး သူတို့လွယ်လွယ်ထွက်စေပါတယ်။
၇ သဘာဝအတိုင်း သန့်စင်ပေးတယ်။
မုန့်ဖုတ်ဆိုဒါမှာ အယ်ကာလီဂုဏ်သတ္တိရှိတဲ့အတွက် မျက်နှာပေါ်ကအဆီနဲ့အညစ်အကြေးတွေကို ပျော့စေပါတယ်။ ချွေးပေါက်တွေရှင်းပြီး ပွင့်စေတဲ့အပြင် ပိုတဲ့အဆီတွေစုပ်ပေးပြီး ချွေးပေါက်မပိတ်အောင်ကာကွယ်ပေးပါတယ်။
၈ အသားဖြူစေတယ်။
မုန့်ဖုတ်ဆိုဒါနဲ့ မျက်နှာသစ်ရင် အသားဖြူစေပါတယ်။ ရေနဲ့မုန့်ဖုတ်ဆိုဒါရောပြီး မျက်နှာပေါ်၂မိနစ်လောက် စက်ဝိုင်းပုံဖြည်းဖြည်းချင်းလှည့်ပွတ်ပါ။ ပြီးရင်ရေနဲ့ဆေးပြီး moisturizer လိမ်းပါ။
အရမ်းအသုံးဝင်တဲ့ Baking Soda ပါပဲနော်
ဒီ Baking Soda တင်မက တခြားမုန့်ဖုတ်တာနဲ့ ပတ်သက်တဲ့ ပစ္စည်းအားလုံးကို ကျွန်မတို့ Shengda မှာ တစ်နေရာတည်းပြီးပြည့်စုံစွာ ဝယ်ယူရရှိနိုင်ပါပြီရှင်
အထက်ပါအကြောင်းအရာတွေကို Google မှ မှီငြမ်းဖော်ပြထားတာဖြစ်ပါတယ် ရှင်
အသားအရည် Sensitive ဖြစ်တဲ့သူတွေအတွက်တော့ Baking Soda ကို မသုံးသင့်ပါ။
ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အသားအရေမတူတဲ့အတွက် ကိုယ့်အသားအရေပေါ်မူတည်ပြီး ရွေးချယ်အသုံးပြုသင့်ပါတယ်ရှင်။
Myanmar
