How To Make Fluffy Bread

ဒီနေ့မှာတော့ ပေါင်မုန့်ကို အထူးနူးညံ့စေတဲ့ Sheng Da Bread Flour နဲ့ ပြုလုပ်ထားသော Fluffy Bread လုပ်နည်းလေးမျှဝေပေးချင်ပါတယ်နော်
ပြုလုပ်နည်းလေးကတော့
. ပေါင်မုန့်ဂျုံမှုန့် ၂၅၀ ဂရမ်
. သကြား ၄၀ ဂရမ်
. နို့ဆီ၂၅ ဂရမ်
. ဆား ၃ ဂရမ်
. dry yeast ၄ ဂရမ်
. နို့ ၁၈၀ ဂရမ်
အကုန်ရောပြီး ဇွန်းနဲ့သမအောင်နယ်ပါ။
သမပြီးလုံးလာလျှင် Mixer ထဲမှာ Speed အနည်းငယ်တင်ပြီး Windowpane ရတဲ့အထိရိုက်ပါ။ အိုးကို မကြာခဏခြစ်ပေးပါ။ ရိုက်တဲ့အချိန် ဂျုံသားအပူချိန်မြင့်တက်မှုမရှိစေရန် ရေစိုဝတ်ဖြင့် အိုးဘေးသို့ ကပ်ထားနိုင်ပါသည်။ ဂျုံသားချောလာတာမြင်လျှင် လက်ကို ထောပတ်အနည်းငယ်သုတ်ပြီး ဂျုံသားယူပြီးဆွဲကြည့်ပါ။ ဂျုံသားအပေါက်ညီညီလေးပြဲသွားလျှင် Windowpane ရပြီးဖြစ်သည်။ ဆားမပါတဲ့ထောပတ်၂၀ဂရမ်ကိုထည့်ပြီးနှံ့သွားလျှင် အိုးမှခြစ်ထုတ်ပြီး လက်နဲ့လုံးပါ။
ဇလုံထဲတွင် ဆီအနည်းငယ်သုတ်လိမ်းပြီး အရွယ်နှစ်ဆလောက်ဖြစ်လာအောင်ထိ လေလုံအောင်ထားထားပါ။
ရလာရင် ဂျုံသားကို ၂၅ဂရမ် ပိုင်းလိုက်ပါ။
စိတ်ထားတာတွေကို အလုံးသေးလေးတွေဖြစ်အောင်လုံးပြီး ၁၅ မိနစ်လောက်အုပ်ထားပါ။
ပြီးရင် သေသေချာချာလေး ပြန်လုံးပြီး 8″ပတ်လည်လေးထောင့်ဘမ်းတွင် ၃လုံး၃တန်း စီထည့်ပြီး မိနစ်၄၀/ မုန့်သား 70% လောက် တက်လာသည်အထိ လေလုံအောင် အပွခံထားပါ။
အပွခံထားချိန်တော့ မီးဖိုကို Preheat ၁၅၀°C / ၁၅၀°C မှာ ဖွင့်ထားရမယ်နော်
မုန့်သား အပွခံတာရလာပြီဆိုရင် အပေါ်က ဂျုံမှုန့်လေးနည်းနည်းဖြူးပြီး oven ထဲထည့်ပါ။ ဖုတ်ချိန် 30-40မိနစ်ကြား ကြာပါသည်။ ဖိုအပူချိန် သတိပြုပါ။
ပြီးရင် နူးညံ့ပြီး အရသာရှိတဲ့ ပေါင်မုန့်လေးတွေကို သုံးဆောင်နိုင်ပါပြီ..
ရေဓာတ်ပါဝင်မှုများတာကြောင့် ဂျုံသားပျော့လို့ လုပ်ရာတာအနည်းငယ်လက်ဝင်ပေမယ့် ရလာတဲ့နို့နှစ်ပေါင်မုန့်လေးတွေက အရမ်းကို နူးညံ့အိစက်နေပြီး စားလို့ကောင်းပါတယ်ရှင်

Sheng Da မှ မေတ္တာဖြင့် Share သော မုန့်လုပ်နည်းများ အခကြေးငွေယူပြီးပြန်လည်သင်ကြားခြင်း၊ Copy ယူပြီး မိမိကိုယ်ပိုင်ပုံစံဖြင့်ပြန်လည်အသုံးပြုခြင်း ခွင့်မပြုပါ