ငွေပေးချေခြင်း


ငွေပေးခြင်း(၂)မျိုးရှိပါသည်။

(၁) အိမ်အရောက်ကုန်ပို့ ချိန်ငွေပေးချေခြင်း
မိမိ၀ယ်ယူထားသော ပစ္စည်း လာပို့ချိန်တွင် ပစ္စည်းစစ်ဆေးလက်ခံပြီး ငွေတစ်ခါတည်းပေးချေရမည်ဖြစ်ပါသည်။


(၂) ဘဏ်ကဒ်ဖြင့်ငွေပေးချေခြင်း
Sheng Da Online Order မှာယူရာတွင် ၀ယ်ယူသည့်အချိန်တွင် Credit Card ဖြင့် တစ်ခါတည်း ငွေပေးချေနိုင်ပါသည်။


(၃) နယ်အော်ဒါငွေပေးချေခြင်း
နယ်အောဒါများအတွက် အိမ်အရောက်ငွေပေးချေခြင်း မရနိုင်သေးပါသဖြင့် Credit Card မသုံးလိုသူများအနေဖြင့် ငွေကြိုတင်ပေးချေခြင်း ပြုလုပ်နိုင်ရန် SD Sale Viber 09976879338 သို့ဆက်သွယ်နိုင်ပါသည်။

ပစ္စည်းပြန်လည်လဲလှယ်ခြင်း


(၁) ပစ္စည်းလာပို့ချိန်စစ်ဆေးသည့်အခါတွင် လာပို့သည့်ပစ္စည်းမှာ ထုတ်လုပ်သည့်စက်ရုံ၏မူလအရည်အသွေးချို့ယွင်းမှုအတွက်  ပြန်လည်လဲလှယ်ပြီး (၃ရက်)အတွင်းပြန်လည်ပို့ဆောင်ပေးပါသည်။


(၂) ပစ္စည်းလာပို့ချိန်တွင် ကောင်းမွန်စွာလက်ခံထားသော ပစ္စည်းများကို ပြန်လည်လဲလှယ်ပေးမည် မဟုတ်ပါ။


(၃) Online ငွေပေးချေပြီး၀ယ်ယူထားသော အချို့သောပစ္စည်းမှာ ကုတ်နံပါတ်တစ်ခုတည်းတွင် ဒီဇိုင်းအမျိုးမျိုးရှိရာ ကုတ်နံပါတ်တူ၊ စျေးနှုန်းတူပါက ရှိနိုင်သည့်ဒီဇိုင်းကိုအစားထိုးထည့်ပေးပါမည်။


(၄) ဆိုင်မှ မှားထည့်ပေးသော ပစ္စည်းများကို (၂ရက်) အတွင်းလဲလှယ်ပေးခြင်း နှင့် ငွေပေးချေထားခဲ့သော ပစ္စည်းဖြစ်ခဲ့ပါက ပစ္စည်းစစ်ဆေးပြီး (၂ရက်)အတွင်းငွေပြန်လည်လွှဲပေးပါမည်။ ( အစိုးရရုံးပိတ်ရက်များ မပါ၀င်ပါ )

ပို့ဆောင်ခြင်း


(၁) အော်ဒါလက်ခံရရှိပြီး (၂ရက် မှ ၄ရက်အတွင်း ) ကိုယ်ပိုင်ပို့ဆောင်ရေးကားဖြင့် ရန်ကုန်မြို့တွင်း (၂၉ မြို့နယ် )ကို အိမ်အရောက် (မြေညီထပ်) ပို့ဆောင်ပေးပါမည်။


(၂) အခြား Delivery သို့အပ်လိုပါက SR Viber 09976879338 သို့ ဆက်သွယ်ပေးရမည်ဖြစ်ပြီး အော်ဒါလက်ခံရရှိပြီး (၂ရက်)အတွင်း အခြား Delivery Service သို့ အပ်နှံပေးမှာဖြစ်ပြီး ရောက်ရန် ကြာချိန်မှာ ( ၃-၆ ရက် )အတွင်း ကြာမြင့်နိုင်ပါသည်။


(၃) နယ်မှမှာယူခြင်းအတွက် အော်ဒါလက်ခံရရှိပြီး (၂ရက် မှ ၄ရက်အတွင်း ) ကိုယ်ပိုင်ပို့ဆောင်ရေးကားဖြင့် အောင်မဂ်လာ/ လှိုင်သာယာ ကားဂိတ်များ သို့ပို့ဆောင်ပေးပါမည်။ ကားဂိတ်လက်ခံဘောက်ချာပုံပြန်ပို့ပေးနိုင်ရန် ဖုန်းနံပါတ်ပြည့်စုံစွာ လိုအပ်ပါသည်။


(၄) အော်ဒါအတည်ပြုရန် ဖြည့်သွင်းထားသော ဖုန်းများခေါ်ဆိုမှုမရခြင်း ရှိခဲ့ပါက အော်ဒါပယ်ဖျက်ပါမည်။