Banana Muffin
အိမ်မှာ အလွယ်တကူ မုန့်လုပ်စားချင်တဲ့ သူတွေအတွက် ဒီတပတ်မှာတော့ Shengda ကနေ Banana Muffins မုန့်လုပ်နည်းလေးအကြောင်းပြောပြပေးချင်ပါတယ်ရှင်….

လွယ်လွယ်ကူကူနဲ့ အိမ်မှာ လုပ်စားနိုင်မဲ့ မုန့်လေးမို့ စမ်းပြီးလုပ်ကြည့်ကြရအောင်နော်

လိုအပ်တဲ့ ပါဝင်ပစ္စည်းများ

– ငှက်ပျောသီးအကြီး ( ၃ )လုံး
– ဂျုံမှုန့် ( 230 ) grams
– Sugar ( 200 ) grams
– Baking Powder (1) Tsp
– Baking Soda (1) Tsp
– ကြက်ဥအသေး ( ၃ )လုံး
– ထောပတ် (115 ) grams
– 7S Vanilla Essence (1)Tsp
ပထမဦးစွာ Oven ကို အပူချိန် 180 Degree C ချိန်ထားပါ။
ပြုလုပ်နည်း

ငှက်ပျောသီး (၃)လုံးကို အခွံခွာပြီး ခက်ရင်းနဲ့ ကြေအောင်ချေပါ။
နောက်ဇလုံ တစ်လုံးမှာ ဂျုံမှုန့်( 230 ) grams၊ သကြား (200 ) grams ၊Baking Power (1 )Tsp၊ Baking Soda (1 )Tsp ကိုရောပြီးမွှေပါ။
နောက်ထပ်ဇလုံတစ်လုံးမှာ ကြက်ဥ (၃) လုံးဖောက်ပြီးမွှေပါ။ အဲ့ထဲကိုပျော်ပြီးသား ထောပတ် (115) grams နဲ့ Vanilla Extract (1) Tsp ထည့်ပြီးမွှေပါ။
ထို့နောက် ငှက်ပျောသီးချေပြီးသားကိုထည့်ပါ။
ဆက်ပြီး ဂျုံမှုန့်အနှစ်ကို ထည့်ပါ။
အားလုံးရောထားတဲ့ နောက်ဆုံးအနှစ်ကို Non-Stick Cup Cake Tray ထဲ cupcake paper ထည့်ပြီးလည်းကောင်း၊ ရိုးရိုး Tray ထဲတွင် Cupcake paper cup ထဲသို့ ကိတ်ရည်ထည့်ပြီး Oven မှာ အပူချိန် 180 Degree Celcius နဲ့ ၁၅ မိနစ်မှ ၂၀ မိနစ်ထိ မုန့်ဖုတ်ပါ ။
ပြီးလျှင် အရသာရှိတဲ့ Banana Muffins ကို သုံးဆောင်နိုင်ပါပြီ


မိမိ မီးဖိုအပူချိန်ကို ဂရုပြုပါနော်။
ကဲ အိမ်မှာလွယ်လွယ်ကူကူလုပ်စားလိုက်တော့နော်


