၁. ကန်နိုလာဆီ
ကန်နိုလာဆီဟာ မုန့်ဖုတ်ဖို့ အကောင်းဆုံးဆီတစ်မျိုးပါ။ အခြားဆီတွေနဲ့ယှဉ်ရင် ပိုကောင်းတဲ့အနံ့အရသာရှိလို့ မုန့်ဖုတ်တာမှာ သုံးကြပါတယ်။ ဖုတ်လို့ရလာတဲ့မုန့်ရဲ့ အနံ့အရသာပုံစံတွေကိုလည်း မပြောင်းစေပါဘူး။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အတွက် မုန့်ဟာအရသာလည်းရှိ၊ ကျန်းမာရေးကိုလည်း ကောင်းစေမှာပါ။ ဒါကြောင့် မုန့်ဖုတ်တာမှာ ဖြစ်နိုင်ရင် ကန်နိုလာဆီကို သုံးပါ။
၂. Rice Oil
သံလွင်ဆီ နဲ့ ကန်နိုလာဆီတို့ထက် rice oil ကို မုန့်ဖုတ်တဲ့နေရာမှာ ပိုသုံးပါတယ်။ သူ့ရဲ့အရသာကပျော့တဲ့အတွက် မုန့်ရဲ့အရသာကို မပျောက်စေပါဘူး။ မြေပဲဆီလိုပဲ rice oil ဟာ ပဲအရသာ ရှိပါတယ်။ အပူချိန်မြင့်ရင်လည်း မီးခိုးသိပ်မထွက်လို့ အပူချိန်များများနဲ့ မုန့်ဖုတ်ရတာတွေအတွက်လည်း သင့်တော်ပါတယ်။
၃. ဟင်းသီးဟင်းရွက်ဆီ
ဟင်းသီးဟင်းရွက်ဆီကို မုန့်ဖုတ်တာမှာသုံးရင် မုန့်ကိုစိုစိုလေး ဖြစ်စေမှာပါ။ ဘာလို့ဆို အခန်းအပူချိန်မှာ ဟင်းသီးဟင်းရွက်ဆီက အရည်ဖြစ်ပြီး ထောပတ်ကအခဲဖြစ်လို့ပါ။ စိုစေရုံမကဘဲ မုန့်ဟာပျော့ပျော့လေးနဲ့ စားလိုက်ရင် ပါးစပ်ထဲပျော်ဝင်သွားမှာပါ။ ဒါပေမယ့် မုန့်ရဲ့ပါဝင်ပစ္စည်းတွေပေါင်းစပ်ပြီးသားဆိုရင်တော့ ဆီကိုအများကြီးမရောပါနဲ့။
၄. အုန်းဆီ
မုန့်ဖုတ်တာမှာ အုန်းဆီကို ထောပတ်နေရာ အစားထိုးပြီးသုံးကြပါတယ်။ အုန်းဆီရဲ့အနံ့အရသာက မုန့်မှာပါလာမှာပါ။ fatty acid အများကြီးပါလို့ အပူပြင်းပြင်းနဲ့ ဖုတ်ရတဲ့မုန့်တွေမှာ အုန်းဆီထည့်သင့်ပါတယ်။ အုန်းဆီသုံးရင် မုန့်မှာပါတဲ့ အခြားအဆီတွေကို လျှော့ပေးရပါလိမ့်မယ်။
၅. နေကြာဆီ
ကန်နိုလာဆီလိုပဲ နေကြာဆီဟာလည်း ကျန်းမာရေးအတွက်ကောင်းပါတယ်။ ဒါ့အပြင်အပူချိန်များလည်း မီးခိုးသိပ်မထွက်လို့ မုန့်ဖုတ်တဲ့နေရာမှာ သင့်တော်ပါတယ်။ ကန်နိုလာဆီလောက် အနံအရသာမကောင်းပေမယ့် အခြားဆီတွေမရနိုင်တဲ့အချိန်၊ အရသာပျော့တဲ့ဆီသုံးရမယ့်အချိန်တွေမှာ သူကအသင့်တော်ဆုံးပါ။
၆. သံလွင်ဆီ
သံလွင်ဆီဟာလည်း ကျန်းမာရေးအတွက် အကောင်းဆုံးဆီတစ်မျိုးပါ။ သံလွင်ဆီရဲ့အနံ့အရသာက မုန့်ပေါ်သက်ရောက်လို့ ဘယ်မုန့်တွေပေါ်ပဲ သံလွင်ဆီသုံးရမလဲဆိုတာကို စဉ်းစားရပါမယ်။ အနံ့အရသာမပြောင်းစေချင်ရင် ထောပတ်ဒါမှမဟုတ် အသီးအနှံတွေနဲ့တွဲသုံးပါ။ ချိုတဲ့မုန့်တွေမှာ သံလွင်ဆီသုံးရင်တော့ အကောင်းဆုံးအရသာ မရနိုင်ပါဘူး။
၇. မြေပဲဆီ
အရသာရှိတဲ့ ဟင်းတွေချက်ရင် မြေပဲဆီ သုံးကြပါတယ်။ မုန့်ဖုတ်တာမှာလည်း သုံးနိုင်ပါတယ်။ ပဲဆီအရသာနည်းနည်းလေးတော့ ရပါလိမ့်မယ်။ သံလွင်ဆီလိုပဲ မြေပဲဆီဟာလည်း ကျန်းမာရေးအတွက် ကောင်းပါတယ်။ ချိုတဲ့မုန့်၊ ပဲပါတဲ့မုန့်တွေမှာ မြေပဲဆီသုံးရင်ပဲ အရသာပိုပေါ်စေပြီး ပိုချိုစေမှာပါ။
ဒီမုန့်ဖုတ်တဲ့နေရာမှာအသုံးပြုတဲ့ဆီ (၇)မျိုးအကြောင်း ရှာရှာဖွေဖွေ တင်ဆက်ပေးလိုက်ပါတယ်နော်။
“Rice Oil နဲ့ Canola Oil” ကိုတော့ Sheng Da Food မှာ ဝယ်ယူရရှိနိုင်ပါတယ်။